။ နံနက်ခင်းချိန် သြဝါဒကထာ(စကား) ။

။ လိမ်လည်မှု လှည့်ပတ်မှု မလုပ်ပါနှင့်။။ ကိုယ်, နှုတ်, စိတ်မှု အမြဲလုံခြုံပါစေ။။ ပြစ်မှုရမှ နောင်တမရပါနှင့်။။ အပြစ်အနာအဆာ ကင်းပါစေ။။ ကိုယ့်ဝန်ကိုယ်ထမ်း မကန်းပါနှင့်။။ ကိုယ်လမ်းကိုယ်ထွင် ရှင်းလင်းတတ်ပါစေ။။ သူရဲဘောကြောင် မဖြစ်ပါနှင့်။။ မိမိအစွမ်းကို မိမိသိပါစေ။။ အတတ်လွန် နှုတ်ကျွန် မဖြစ်ပါစေနှင့်။။ လောဘလွန် လူကျွန် မဖြစ်ပါစေနှင့်။တောင်ကလေးဆရာတော်( ၁၃ . ၃ . ၂၀၁၉ )ရက်နေ့။